Myanmar Baptist
C o n v e n t i o n

Open Your Heart to God

Home

Ours Missions

Church Community

Who we are

News

Events

Contact

“သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစွမ်းဆောင်ရည်
အလုပ်ရုံကို ၂၀၁၀-ခုနှစ်၊ ဖေဖော် ၀ါရီလ(၂-၅)
ရက်နေ့အထိ နှစ်ခြင်းအသင်းချုပ်အစည်းအဝေးခန်း
အမှတ်(၃)မှာ ပြုလုပ်ကျင်းပခဲ့ရာ.........
                                                           
more»


၂၀၁၀-ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်မှ (၂၃)
ရက်များတွင် နှစ်ခြင်းအသင်းချုပ်၊ နာဂစ်
ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး
ဗဟိုကော်မတီသည် Food and Agriculture
Organization နှင့်ပူးပေါင်းပြီး ...
                                                           more »


#143, Minyekyawswar street,
Lanmadaw Tsp,Yangon, Myanmar
Ph: +95-1-212434, 221465
Email:
sawlwi1@gmail.com
Website: www.mbc1813.com

၂၁- ရာစု၏ အမှုတော်ဆောင်

မြန်မာနိုင်ငံ ခရစ်ယာန် ဓမ္မတက္ကသိုလ် (MICT - Myanmar Institute of Christian Theology) ၏ ၂၀၁၀-ခုနှစ် ဘွဲ့လက်မှတ် အပ်နှင်းသည့် ၀တ်ပြု အစည်းအဝေးကို အင်းစိန် ကျမ်းစာကျောင်းကုန်းရှိ ဒေါက်တာဘဟန် အောက်မေ့ဖွယ်ရာ ခန်းမဆောင်ရှေ့ မြက်ခင်းပြင်၌ ၁၂.၃.၁၀ ရက်နေ့၊ ညနေ (၅း၀၀) နာရီအချိန်တွင် စတင် ကျင်းပခဲ့ပါသည်။

သဘာပတိအဖြစ် MICT ဓမ္မကထိက ဆရာမဒေါ်မြမြသက်က ဆောင်ရွက်ပြီး၊ MICT မှ ဆရာ/ဆရာမများ၊ ၀တ်ပြုကိုးကွယ်ခြင်းကို ဦးဆောင်မည့် ဆရာ/ဆရာမများ၊ ဘွဲ့လွန်မည့် ကျောင်းသား/ကျောင်းသူများက နေရာယူရန် စီတန်းဝင်ရောက်လာစဉ် ပရိသတ်များက မတ်တပ်ရပ်၍ အနန္တဘုရင် လမ်းပြကျူးကို သီဆိုကျူးဧ ကြပါသည်။ ပြီးနောက် သဘာပတိက ခေါ်ဖိတ်ခြင်းနှင့် ကောင်းချီးတောင်းခံပါသည်။

ဆက်လက်၍ အစီအစဉ်အရ စာတမ်းတင်ပြခြင်းတွင် L.Th ဘွဲ့အတွက် “သခင်ယေရှု၏ တန်ခိုးနိမိတ်လက္ခဏာများ” ခေါင်းစဉ်ဖြင့် မောင်ဂျုံးခေါင်က လည်းကောင်း၊ B.Th ဘွဲ့ အတွက် “ချီးမွမ်း သီဆိုခြင်းအားဖြင့် ၀တ်ပြုကိုးကွယ်ခြင်း” ခေါင်းစဉ်ဖြင့် မနန်ဘောက်ကလည်းကောင်း၊ M.Div ဘွဲ့အတွက် “သင်ကြားခြင်း၊ သင်ယူခြင်း ဒဿနနှင့် ခရစ်ယာန်ဓမ္မပညာ” ခေါင်းစဉ်ဖြင့် နန့်ဌေးဌေးညိုက လည်းကောင်း အသီးသီး ဖတ်ကြားတင်ပြ သွားပါသည်။

ထို့နောက် ဘွဲ့လက်မှတ်များ အပ်နှင်းခြင်း အစီအစဉ်တွင် ဓမ္မအမှုတော်ဆောင်ဖြစ် သင်တန်း (L.Th)ဘွဲ့ကို (၁၄)ယောက်၊ ဓမ္မရေးဝိဇ္ဇာ(B.Th)ဘွဲ့ကို (၂၂)ယောက်၊ ဓမ္မမှုဝိဇ္ဇာ(B.Min) ဘွဲ့ကို (၁၂)ယောက်နှင့် မဟာဓမ္မ၀ိဇ္ဇာ(M.Div)ဘွဲ့ကို (၂၂)ယောက် တို့အား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ကြော်ငြာခြင်း အစီအစဉ်တွင် ကျောင်းလခများ တိုးမြှင့်သွားမည့် အကြောင်းကြော်ငြာ သွားပါသည်။ အလှူတော်ငွေ ကောက်ခံ ဆက်ကပ်ခြင်းကို ဆရာဦးတင်မင်းထွန်းက ဦးဆောင် ဆက်ကပ်ခဲ့ပါသည်။

သမ္မာကျမ်းစာ ဖတ်ကြားခြင်းကို ဆရာမနော်ဘွေဝါး နှင့် ဓမ္မဒေသနာကို နှစ် ၅၀ ဂုဏ်ပြုခြင်းတွင် တစ်ပါးအပါအ၀င်ဖြစ်သော Rev. Dr. ဦးမြင့်လွင်က “၂၁-ရာစု၏ အမှုတော်ဆောင်” ဟူသော အဓိကအချက်ဖြင့် “ဟေရှာယ၊ ၄၁း၈-၁၆” ကိုအခြေပြု၍ တိုက်တွန်း ဟောကြားသွားပါသည်။ ပြီးနောက် နှစ်(၄၀) ဂုဏ်ပြုခံ ဆရာတစ်ပါးဖြစ်သော Rev. နိုင်ပန်းက အထူးဆုတောင်းပေးပါသည်။

ဆက်လက်၍ အမှုတော်ဆောင်သက် နှစ်(၅၀) ဂုဏ်ပြုခြင်း၊ နှစ်(၄၀) ဂုဏ်ပြုခြင်းနှင့် (၂၅)နှစ် ဂုဏ်ပြုခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့ပါသည်။ ထူးချွန်စွာ အောင်မြင်သော ကျောင်းသား/ ကျောင်းသူများကိုလည်း ဆုချီးမြှင့်ပေးခဲ့ပါသည်။ ပြီးနောက် ဘွဲ့လွန်ကျောင်းသူ/ ကျောင်းသား များက ဓမ္မသံစုံ ကျူးဧကြပါသည်။

ကျေးဇူးတင်စကား ပြောကြားခြင်းကို ကျောင်းအုပ်ကြီး Rev. ကျော်ထွန်းလင်းနှင့် နောက်ဆုံးဓမ္မသီချင်းအဖြစ် “ကောက်လှိုင်းများ ဆောင်ယူ ခြင်းကျူး”ကို အားလုံး အတူတကွ သီဆိုချီးမွမ်းကျူးဧပြီး Rev. Dr. ဦးဝင်းတင် ကောင်းချီးပေးခြင်းအားဖြင့် ည(၇း၀၀)နာရီအချိန်တွင် ၀တ်ပြု စည်းဝေးကို ရုပ်သိမ်းခဲ့ပါသည်။

         

         

         
 

 
“အသင်းချုပ်ဝန်ထမ်းများအတွက် ဟောပြောတည်ဆောက်မှုများ”  

မြန်မာနိုင်ငံသမ္မာကျမ်းစာအသင်းကြီး၏ အပြောင်းအလဲ

အမှုထမ်း (၁၅၀)ကျော် ၀န်ထမ်းနေတဲ့ မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်း ချုပ်မှာ အလုပ်တက်ရတဲ့ တနင်္လာနေ့ နံနက်တိုင်း စုပေါင်း ၀တ်ပြုခြင်းအပြီးမှာ - ၀ိညာဉ်ရေး သမ္မာ ကျမ်းစာရေးရာ တည်ဆောက်မှု၊ စီမံခန့်ခွဲ ခေါင်းဆောင်မှု ဆိုင်ရာ တည်ဆောက်မှု၊ နှစ်ခြင်း အသင်းချုပ်စိတ်ဓာတ် ပြုစု တည်ဆောက် ရေးရာ တည်ဆောက်မှုများအတွက် ၀ါရင့်ဓမ္မအမှု တော်ဆောင်ကြီးများ၊ ဓမ္မ အတွေးအခေါ် ပညာရှင်ကြီးများ၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပုဂ္ဂိုလ် များကို ဖိတ်ခေါ်လျက် ဟောပြောတိုက်တွန်းဝေမျှမှုတွေကို ၂၀၁၀-ခုနှစ်၊ ဖေဖော်ဝါရီလ(၈)ရက် မှစတင်ခဲ့ပါတယ်။လာရောက် ဟောပြောဝေငှပြီးတဲ့ ခေါင်းဆောင်များ မှာ- သိက္ခာတော်ရ ဒေါက်တာဆိုင်မွန် ပေါင်ခန့်အင်း၊ ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၊ သိက္ခာတော်ရ ဒေါက်တာစောမာဂေကြီး၊ သိက္ခာတော်ရ ဒေါက်တာဦးသာဒင် တို့ဖြစ်ကြပြီး၊ ဒေါက်တာစောလှိုင်ဘွား၊ သိက္ခာတော်ရ ဒေါက်တာထွန်းမဲ၊ သိက္ခာတော်ရ ဒေါက်တာဇော်လတ်တို့ ဆက်လက်ဟောပြော ဝေငှဦးမှာ ဖြစ်ကြောင်း သိရှိရပါတယ်။
 

 

၂၀၀၉-ခုနှစ်၊ မတ်လ (၆)ရက်နေ့တွင် နှစ်ခြင်းအသင်းချုပ် ကူရှင်ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သော မြန်မာနိုင်ငံသမ္မာကျမ်းစာအသင်းကြီး၏ (၃၅)ကြိမ်မြောက် သင်းလုံးကျွတ်အစည်း အဝေးဆုံးဖြတ်ချက် (သကစ။ ။ ၂၀၀၉-၀၅)အရ သိက္ခာတော်ရ ဒေါက်တာစောမာဂေကြီးသည် အထွေ ထွေ အတွင်းရေးမှူးရာထူးကို သိက္ခာတော်ရ ဆရာခွေလမ်းထန်အား လွှဲပြောင်း ပေးရန်အတွက် လွန်ခဲ့သော(၁၁)လကာလ မှစ၍ အနီးကပ် လက်တွဲ လမ်းညွှန်မှုပေးခဲ့ပြီး၊ ၂၀၀၉-ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက် နေ့တွင် လူသာရင်ဗက်သလေဟမ်(Lutheran Bethlehem) ဘုရား ရှိခိုးကျောင်း၌ ဂိုဏ်းဂဏအသီးသီးမှ ခေါင်းဆောင်ကြီးများက လက်တင် ဆုတောင်းပေးခဲ့ပြီး ဖြစ်ပါသည်။
ယခုနှစ် ဇန်န၀ါရီလ (၂၈)ရက်နေ့တွင် ကျမ်းစာအသင်း၏တာဝန်အား လက်လွှဲယူမည့် အသင်း၏ ဥက္ကဌများဖြစ်သော သိက္ခာတော်ရ ဒေါက်တာ စောရွှေ နှင့် သိက္ခာတော်ရဆရာမ ဒေါ်နီနီဆွေတို့ ရှေ့မှောက်တွင် လက်မှတ် ရေးထိုးကာ တရားဝင်တာဝန်လွှဲခဲ့ပြီးဖြစ်ရာ၊ Rev. ခွေလမ်းထန် (ကလေးမြို့ လေပီးနှစ်ခြင်းအသင်းတော် သင်းအုပ် ဆရာ)သည် ၂၀၁၀-ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက် နေ့တွင် မြန်မာနိုင်ငံ ကျမ်းစာအသင်း၏ အထွေထွေအတွင်းရေးမှူးတာ ၀န်ကို ပခုံးပြောင်း ထမ်းဆောင်နေပြီ ဖြစ်ကြောင်းနှင့် လွန်ခဲ့သော အမှုတော်ဆောင် သက်တမ်း (၂၆)နှစ်တာကာလအတွင်း ဆရာသည် သင်းအုပ် ဆရာအဖြစ် လည်ေးကာင်း၊ စာချပုဂ္ဂိုလ် အဖြစ် လည်းကောင်း၊ လွန်ခဲ့သော (၅)နှစ်မှစ၍  မြန်မာနိုင်ငံကျမ်းစာအသင်း၏ ဘာသာပြန်လုပ် ငန်းအရာရှိအဖြစ်လည်းကောင်း၊ သစ္စာရှိစွာဆက်ကပ်သော ဆရာတစ်ပါး ဖြစ်ပါသည်။

 

စာရေးဆရာ သန်လျင်ဦးဖေသွင်အား ဂုဏ်ပြုခြင်း အစီအစဉ်

၂၀၁၀-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် မြန်မာနိုင်ငံဓမ္မတက္ကသိုလ် (MIT)၊ Judson Research Center မှကြီးမှူး၍ “စာရေးဆရာသန်လျင်ဖေသွင်၏မှတ်တမ်း၊ အမှုတော် ဆောင်၊ပညာသင်ယူမှုဂုဏ်ပြု”ဆွေးနွေးပွဲအစီအစဉ်တစ်ရပ်ပြုလုပ်ပါသည်။ဆွေးနွေးပွဲကိုနံနက် (၈း၃၀)နာရီမှညနေ(၄း၀၀)နာရီအတွင်းပြုလုပ်ခဲ့ရာ၊ ကြိုဆိုမိတ်ဆက်စကားကို Pro. Dr. Samuel Ngun Ling (MIT)မှပြောကြားပြီးနောက်၊ ဆရာကြီးဦးဖေသွင်၏အတ္ထုပ္ပတ္တိကိုနှစ်ပိုင်း ခွဲ၍တင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

အပိုင်း(၁)တွင် ဆရာကြီးနှင့်မိသားစုအကြောင်းအား သားဖြစ်သူဦးဌေးသွင်မှတင်ပြပြီး၊ အပိုင်း(၂)အနေဖြင့် လုပ်ငန်းပိုင်းဆိုင်ရာနှင့်ပတ်သက်ရာအကြောင်းကို ဗိုလ်မှူးU Thint Swe မှ တင်ပြခဲ့ပါသည်။ ဆက်လက်၍ MIT ကျောင်းအုပ်ကြီး Rev. Dr. Simon Pau Khan En မှ Into the world ကမ္ဘာလောကကြီးထဲသို့ အကြောင်းအရာကို အခန်းကြီး(၇)ခန်းဖြင့် စာတမ်းကို တင်ပြဆွေးနွေးပို့ချခဲ့ပြီး၊ စာတမ်းကို MICT မှ သိက္ခာတော်ရဒေါက်တာအေးမင်းက ပြန်လည် တုန့်ပြန်ခဲ့ပါသည်။

ဆက်လက်၍ “ပန်းကလေးများ မနွမ်းစေချင်” အကြောင်းအရာကို သိက္ခာတော်ရဆရာ ဦးကျော်ညွန့်မှ တင်ပြပြီး၊ MICT ကျောင်းအုပ်ကြီး သိက္ခာတော်ရ ဆရာဦးကျော်ထွန်းလင်းက တုန့်ပြန်ပါသည်။ ယင်းနောက် ဒေါက်တာလှိုင်ဘွား(MIT)က “ Buddhist View of Man and Nature”  စာတမ်းကို တင်ပြပြီး၊ Saya K. Zaw Nan (MIT)က ပြန်လည်တုန့်ပြန်ခဲ့ပါသည်။

ပါဝင်တက်ရောက်သူများမှာ MIT မှ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသား များနှင့် အပြင်မှ ဖိတ်ကြားထားသူများ (၃၀)ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။
အပိတ်ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ကို ဆရာမလီလီကဒိုးမှ ဦးဆောင်ကာ ကျေးဇူးတင်စကားကို Prof. Samuel Ngun Ling မှပြောကြားပြီး၊ သိက္ခာတော်ရ ဆရာကြီး ဦးအောင်ခင်မှ ဆုတောင်း ကောင်းချီးပေးခြင်းအားဖြင့် အစီအစဉ်ကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါ သည်။
 

 

“သွားဦးလော့ . . . င့ါအိမ်ကိုပြည့်စေခြင်းငှာ အနိုင်အထက်ခေါ်သွင်းလော့ … ”

“ဂိဒေါင်များ နိုင်ငံတကာအဖွဲ့(မြန်မာ) – Gideons International (Myanmar)” ရဲ့ စတုတ္ထအကြိမ် တစ်နိုင်ငံလုံး နှစ်ပတ်လည် အစည်းအဝေးကို (၂၆.၂.၂၀၁၀ - ၂၈.၂.၂၀၁၀)နေ့ များတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ၊ Pastor’s Banquet သင်းအုပ်များညစာစားပွဲကို (၂၆.၂. ၂၀၁၀)ရက်နေ့၊ ညနေ (၆း၀၀)နာရီ မှ ည(၈း၃၀)နာရီအထိ စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။ အစီအစဉ်သို့ ဂိဒေါင်များ နိုင်ငံတကာအဖွဲ့ ဥက္ကဌဟောင်းနဲ့၊ လက်ရှိ ဒေသန္တရအရာရှိ Mr. Larry Aspegrens ၊ ဂိဒေါင်များအသင်း(မြန်မာ) တာဝန်ခံ ဦးကြည်မောင်အေးနှင့် တာဝန်ရှိသူများ၊ ဒေသန္တရ ဂိဒေါင်အသင်းများမှ ခေါင်းဆောင်များ၊ တာဝန်ရှိသူများ၊ သင်းအုပ်များနှင့် ဇနီးများ စုစုပေါင်း လူဦးရေ (၂၀၀)ခန့် တက်ရောက်ပါတယ်။ ကမ္ဘာ့နိုင်ငံ(၁၄၀)မှာ ဂိဒေါင် အသင်းများရှိပြီး၊ ပုံမှန်အားဖြင့် (၄)ရက်ခွဲတိုင်း သမ္မာကျမ်းစာ အုပ်ရေ(၁)သန်းကို ဖြန့်ချိလျက် ရှိကြောင်း၊ ဂိဒေါင်အသင်းသည် သာမန်ဝတ်ကြောင် လူပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသော်လည်း၊ အသင်းတော်များ၊ သင်းအုပ်များနှင့် အစဉ် မိတ်သဟာယဖွဲ့ ဆက်သွယ်လျက်၊ အမှုတော် ဆောင်ရွက်နေကြောင်း၊ သမ္မာကျမ်းစာများကို ဟော်တယ်၊ တည်းခိုခန်း၊ ဆေးရုံ၊ စာသင်ကျောင်း၊ အကျဉ်းထောင်နဲ့ တပ်မတော်သား များကို ဦးတည် အခမဲ့ ပေးဝေလျက်ရှိကြောင်း၊ အခု နှစ်ပတ်လည် အစည်းအဝေးရဲ့ အဓိကအချက်မှာ “သွားဦးလော့ ….. င့ါအိမ်ကိုပြည့်စေခြင်းငှာ အနိုင်အထက်ခေါ်သွင်းလော့ ….” ဖြစ်ကြောင်း သိရှိရပါတယ်။
 

 

အသင်းတော်ကျောင်းဆရာဖြစ်သင်တန်း

အရှိုချင်းအဖွဲ့ချုပ်၏ “အသင်းတော်ကျောင်းဆရာဖြစ်သင်တန်း”ကို ဧရာဝတီ(တောင်) နယ်၊ သံလယ်ကြီးအင်းတော်တွင် (၁၆.၂.၂၀၁၀)မှ (၂၂.၂.၂၀၁၀)နေ့ထိ ပြုလုပ်ခဲ့ပါသည်။ ၎င်း သင်တန်းတွင် မြန်မာနိုင်ငံနှစ်ခြင်းအသင်းချုပ် ဓမ္မပညာဌာနမှ ဆရာမိုင်သင်းလှိုင်က “သင်ခန်းစာ ပြင်ဆင်ခြင်း”နှင့် “တေးသီချင်း”ကိုလည်းကေင်း၊ ဧရာဝတီနယ် ဓမ္မပညာတာဝန်ခံ ဆရာမ ဒေါ်ခင်ဝါ၀ါမြင့်က “အသင်းတော်ကျောင်းဆရာ၊ ဆရာမတို့၏ အရည်အချင်းများနှင့် လက်မှု” ကိုလည်းကောင်း၊ ဓမ္မဆရာမ ဒေါ်အိအိငြိမ်းက “ခရစ်ယာန်ဓမ္မပညာဟူသည်”ကိုလည်းကောင်း၊ အရှိုချင်းအဖွဲ့ချုပ် ဓမ္မပညာ တာဝန်ခံဆရာမ ဒေါ်ထွေးထွေးညွှန့်က ”သမ္မာကျမ်းစာနှင့် သင်ကြားနည်းများ”ကိုလည်းကောင်း အသီးသီး ပို့ချပေးခဲ့ ကြပါသည်။ ၎င်းသင်တန်းတွင် နယ်အသီးသီး မှ တက်ရောက်သော သင်တန်းသူများမှာ စုစုပေါင်း(၂၀)ဦး ရှိပါသည်။
 

 

Copyright © 2007-2008 www.mbc1813.com
All Rights Reserved.
Powered By:     
CREATiVE WEB STUDIO

Home | Our Missions | Our Community | Who we are | News | Events | Contact | Sitemap
 
 
Visitor Hits: stats count